Lesson(4) Coordinate System
သင်ခန်းစာ NO.4 Coordinate System 👈👈👈 (စိတ်၀င်စားဖွယ် TS EDM& TRIGO) Coordinate ဆိုတာ ထောင့်မှန်ကျရှိနေတဲ့ Line ၂ခု နဲ့အမြင့်တို့ရဲ့ အကွားအဝေး Distance တို့ကို တပြုင်တည်း သိရတဲ့အရာကိုခေါ်တာပေါ့။ သင်္ချာမှာတော့ XYZ, Survey ရောက်တော့ NEZ လို့ ပြောင်းသွားတယ်။ ဒီမှာမျက်စိမလည်ဖို့ စာသင်တုန်းက xyz က X ဟာ North နေရာမှာရှိပေမယ့် Survey မှာတော့ X ဟာ East ဖြစ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် အပေါ် North လို့သာမှတ်ပါလေ။ SURVEYOR အလုပ်ချစ်မြတ်နိုးတော့ အခြေခံကစ သိဖို့လိုပြန်ရော။ အရင်ဆုံး Total Station ရဲ့ EDM (Electronic Distance Meter) တွက်ချက်ပုံလေးကြည့်ကြစို့။ Total Station ကို Measure လေးနှိပ်လိုက်တာနဲ Laser မီးလေးထွက်သွားတယ်။ ထွက်သွားတဲ့ Laser မီးလေးက တဖက်မှာ ရှိတဲ့ Prism ကိုမှန်ပြီး Total Station ဆီပြန်လာတယ်။ အဲ့ဒီမှာ LASER မီးလေးရဲ့ Infrared Rays (အလင်းရဲ့အလျင်) Velocity (C) နဲ့ Frequency (လှိုင်းရဲ့တုန်ခါကြိမ်နှုန်း) ကို တွက်လိုက်တဲ့အခါ Wavelength ( λ ) >> Distance (or) NEZ ကိုရတယ်။ သူတွက်ထုတ်တဲ့ Formula က λ=C/F λ= Wav