Lesson(4) Coordinate System

သင်ခန်းစာ NO.4

Coordinate System 👈👈👈
(စိတ်၀င်စားဖွယ် TS EDM& TRIGO)

Coordinate ဆိုတာ ထောင့်မှန်ကျရှိနေတဲ့ Line ၂ခု နဲ့အမြင့်တို့ရဲ့ အကွားအဝေး Distance တို့ကို တပြုင်တည်း သိရတဲ့အရာကိုခေါ်တာပေါ့။  သင်္ချာမှာတော့ XYZ, Survey ရောက်တော့ NEZ လို့ ပြောင်းသွားတယ်။ ဒီမှာမျက်စိမလည်ဖို့ စာသင်တုန်းက xyz က X ဟာ North နေရာမှာရှိပေမယ့် Survey မှာတော့ X ဟာ East ဖြစ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် အပေါ် North လို့သာမှတ်ပါလေ။

SURVEYOR အလုပ်ချစ်မြတ်နိုးတော့ အခြေခံကစ သိဖို့လိုပြန်ရော။ 

အရင်ဆုံး Total Station ရဲ့ EDM (Electronic Distance Meter) တွက်ချက်ပုံလေးကြည့်ကြစို့။

Total Station ကို Measure လေးနှိပ်လိုက်တာနဲ Laser မီးလေးထွက်သွားတယ်။ ထွက်သွားတဲ့ Laser မီးလေးက တဖက်မှာ ရှိတဲ့ Prism ကိုမှန်ပြီး Total Station ဆီပြန်လာတယ်။ 

အဲ့ဒီမှာ LASER မီးလေးရဲ့ Infrared Rays (အလင်းရဲ့အလျင်) Velocity (C) နဲ့ Frequency (လှိုင်းရဲ့တုန်ခါကြိမ်နှုန်း) ကို တွက်လိုက်တဲ့အခါ Wavelength ( λ ) 
>>  Distance (or) NEZ ကိုရတယ်။ 

သူတွက်ထုတ်တဲ့ Formula က
                          λ=C/F
λ=  Wavelength 
C = Velocity of Light (C=299,792.458 m/s)
(1 second မှာ သွားသောအလင်းရဲ့အလျင်)
F=Frequency

နောက်တစ်ခါသူ့ရဲ့ လုပ်ငန်းသုံးတွက်ချက်ပုံက
 Polar System 
Trigo & Pythagoras စနစ်ကို EDM မှာ ပေါင်းထားတယ်။ ဒါကြောင့်ပြောကြတာပေါ့ EDM ကို ဂရုစိုက်ပါ၊ ပျက်ရင် အသစ်သာ၀ယ်ပါလို့။ 

Calculation ပုံစံက အများစုသိပြီးသားပါ 

Sin(O/H) Cos(A/H) Tan(O/A)
Cot(A/O) Sec(H/A) Cosec(H/O) 
O= Opposite (မျက်နှာချင်းဆိုင်အနား / မ)
A= Adjacent (နီးစပ်အနား / န)
H= Hypotenuse (ထောင့်မှန်ခံအနား / ထ)

တနည်းအားဖြင့် မနီမနီထထ၊ ထထနီမနီမ 
ကျောင်းတုန်းက သင်ခဲ့တာလေ။

Sin Cos Tan သုံးမျိုးရရင် ကျန်တာ ပြောင်းပြန်လှန် ရပြီပေါ့။ 
ပိုပြည့်စုံအောင်သိဖို့ကတော့ Sine Rule and Cos Rule ပါ။ Figure .2 ကိုကြည့်ပါ။ 

ကျနော်တို့အမြဲတမ်းတွက်တဲ့ Total ရော Manual ရော ကတော့ 
N=D×Cos@  (@=Az, D=HD)
E=D×Sin@
(or) 
N=D×Cos@ + Centre N
E=D×Sin@ +Centre E

Polar and Rectangular စနစ်
Rec(D,Az)=N,E
Pol(N,E)= D,Az 

Figure 1. မှာကြည့်ပါ 👇👇👇

ဤတွင် Surveyor တိုင်းစွဲမြဲစွာ သိထားရမှာကတော့ Total သည် Polar ပါ။ ဒါကြောင့်  POLAR (Angle & HD) မှန်တာနဲ့ 
REC လှည့်ကြည့်စရာကို မလိုပါကြောင်း . . .

မှတ်ချက်။ ။ Rec နဲ့ Pol ကိုမှတ်သားပါ။ Pol တွင် Coord ၂ခုမ D,Az ပြန်တွက်လိုလျှင် Point ၂ခုရဲ့ NE ကိုခြားနားပြီးမှတွက်ပါ။ Play Store မှာ Free Engineering fx calculatorလို့ ရိုက်ရှာပြီး Down ထားပါ

Comments

Popular posts from this blog