သင်ခန်းစာ
NO.9
Levelling, Manual Profile and Rise & Fall 👈👈👈

ပထမဆုံး စာအားလုံးဖတ်ပါလို့ အကြံပြုပါစေ။

Level အမျိုးအစား အနေနဲ့ (၄) မျိုးဖြစ်သွားပြီပေါ့။
(i) Dumpy Level
(ii) Tilting Level
(iii) Auto Level
(iv) Digital Level

အပေါ်(၂) မျိုးကတော့ အရင်တုန်းက သုံးခဲ့တဲ့ အမျိုးအစားပါ။ ယနေ့ခေါတ်မှာတော့ Auto Level နဲ့ Digital Level တို့ကိုပဲ အသုံးများလာကြပါပြီ။

Order of Levelling အနေနဲ့

Precision Order ( 0.001 ×km)
First Order   (0.003×km)
Second Order (0.007×km)
Third Order (0.012×km) ဆိုပြီးရှိပါတယ်။

Level လုပ်ငန်းအနေနဲ့ကတော့
(i) Simple Levelling
တိုင်းတာလိုသော Point ၂ခု ကြားStation ထိုင်၍ Backsight နဲ့ Foresight တို့ရဲ့ Level ခြားနားချက်ကိုသာ တိုင်းတာခြင်း။

(ii) Differential Levelling/ Profile
BM(Benchmark) မှစတင်၍ TP(Turning Point) 1,2,3,4,5, . . .  BS HI FS တို့ကို Station ပြောင်း၍ ဆက်၍ဆက်၍ တိုင်းတာတွက်ချက်ခြင်း။

(iii) Fly Levelling
ဆင်ခြေလျှောရှိသော မြေမျက်နှာပြင်ပေါ်တွင်BM(Benchmark) မှစတင်၍ TP(Turning Point) 1,2,3,4,5, . . .  BS HI FS တို့ကို Station ပြောင်း၍ ဆက်၍ဆက်၍ တိုင်းတာတွက်ချက်ခြင်း။ (နံပါတ် ၂ နဲ့တူပါသည်)

(iv) Reciprocal Levelling
ဝေးလွန်းသော နေရာနှစ်ခုအတွက် အပြန်အလှန် ဖတ်ခြင်း တိုင်းတာခြင်းဖြစ်ပါသည်။ ချောင်းဖြတ်ဖတ်ခြင်းလို့ ခေါ်ပါသည်။ အပြန်အလှန် မဖတ်ဘူးဆိုရင် curvature correction ပေးရမှာဖြစ်တဲ့အတွက် Calculation တစ်ခုနားလည်ရပါမည်။ Yutube မှာလေ့လာနိုင်ပါတယ်။

(v) Check Levelling (Traverse)
BM မှစတင်၍ BM သို့ ပြန်၀င် (Close)  (or) အခြား BM သို့၀င်၍  Data မှန်မမှန် ပြန်စစ် တိုင်းတာခြင်း(Open)

(ဤတွင် BM Benchmark ဆိုသည်မှာ ပုံသေသတ်မှတ်ထားသော Level တန်ဖိုးကိုခေါ်ပါသည်။ ဥပမာ။ ။ မြန်မာနိုင်ငံအနေနဲ့ ကျိုက္ခမီ တွင် Zero(0) Level သတ်မှတ်ထားပါသည်။ ကျွန်ုပ်တို့အနေနဲ့ Official တိုင်းတာရမည်ဆိုလျှင် Reference ယူထားသော Level တန်ဖိုးနှင့်သာ တိုင်းတာတွက်ချက်ဖို့လိုပါသည်။)

Calculation Formula ကတော့အတူတူပင်ဖြစ်ပါသည်။

HI= BS+BM
RL=HI-FS
D=(Top Read - Bottom Read)×100

HI=Instrument Height
BS=Backsight
FS=Foresight
RL=Reduce Level
IS=Inner Sight/ Intermediate Sight
D=Distance
100=Stadia Constant
Top Read & Bottom Read = Cross Hair ဖတ်ချက်

အရေးကြီးသောအချက်များမှာ တိုင်းတာသူသည်

1) BS နဲ့ FS ကြားတွင် ပျမ်းမျှအနေထား(Intermediate)တွင် Instrument ထိုင်ရမည်။

2) BS ကို 0° ထား၍ FS ကို 180° လှည့်၍ တိုင်းတာရမည်ဖြစ်သည်။ အကြောင်းမှာ Cross Hair ( Top Mid Bottom) ၃ချက်လုံးဖတ်၍ ဖတ်ချက်ယူရပြီး Distance တွက်သည့်အခါ BS နဲ့ FS အကြား D1 နဲ့ D2 ကိုပေါင်းပေးသည့်အခါ တဖြောင့်တည်း ဖြစ်စေရန် ရည်ရွယ်ပါသည်။

3) အားနည်းချက်အနေနဲ့ Distance တွက်သည့်အခါ ဒသမ ၂လုံးပျောက်ခြင်းပါ။
ဥပမာ။ ။  Top Read = 1.504 , Mid=1.460,
Bott Read= 1.414
ဖြစ်လျှင် D=(T-B)×100= (1.504 - 1.414)×100=0.090×100=9 ဆိုပြီး ဒသမ ၂နေရာ ရှေ့ရွေ့သွားပါတယ်။

4) ဖတ်ချက်ပြန်စစ်သည့်အခါ Top+Mid+Bot/3=Mid
၊ ဖတ်ချက် ၃ ခုပေါင်း၍ ၃ဖြင့်ပြန်စားလျှင် Mid တန်ဖိုးပြန်ရရပါမည်။ ဥပမာ။ ။ 1.504+1.460+1.414/3=1.459 ဖြစ်သည့်အတွက် ဖတ်ချက် Error 0.001 ဖြစ်ပါတယ်။

Check Levelling အတွက်Adjustment နည်းကတော့ Compass Rule ပါပဲ

Adjustment=-(Segment Length/Total Length)× Misclosure

Misclosure(Error)= First BM-Last RL
Total Length=အကွာအဝေး စုစုပေါင်း
Segment Length=Point တစ်ခုနှင့်တစ်ခု အကွာအဝေး

Manual Profile ကိုတော့ ပုံ (၁) ကိုကြည့်ပါ။
Profile ဆိုတာ တောင်တန်းတစ်ခုကို ဘေးတိုက်ငေးကြည့်သလိုပါပဲ။ အကွားအဝေး နေရာပြောင်းတိုင်း အနိမ်အမြင့်ပြောင်းလဲခြင်းမျိုးပေါ့။
RD(Reduce Distance) နဲ့ RL(Reduce Level) ကိုပဲယူပြီး Profile ပုံဖော်ခြင်းပါ။

(Profile အတွက် Distance များကို ချိတ်ဆက် ပေါင်းပေးရန်လိုပါသည်။ ) 👈👈

Excel အတွက် ပုံသေနည်းကတော့
=CONCATENATE(RD,",",RL) <<<
RD နဲ့ RL နေရာမှာ ကျနော်တို့ရဲ့ တန်းဖိုးတွေပြောင်းသုံးခြင်းပါ။
ပြီးရင် RD RL ကော်မာ တွဲပြီးသားကို Copy ကူးပြီး Drawing ဆီသွား Polyline Click ဆိုရင် အောက် Command bar မှာ Specify မှာ Cursor ချပီး Right Click>Paste ဆိုရင် Pofile မျဉ်းလေးပေါ်လာမှာပါ။ Distance နဲ့ Level Frame ကို Manual ဆွဲထားပြီး Profile မျဉ်း Move နဲ့ ရွှေ့ပေးပါ။ Autonumber နဲ့ Array ကိုတော့ မလုပ်ပြထားပါဘူး(Yutubeမှာပဲ လေ့လာကြည့်ပါ)။

(vi) Rise & Fall Method

ဒါကတော့ ရိုးရှင်းပါတယ် Level တိုင်းတဲ့သူက Stave ကိုကြည့်ဖတ်တဲ့အခါ ဖတ်ချက်တန်ဖိုးက နည်းရင် အမြင့်ပိုင်း များရင် အနိမ့်ပိုင်း (ဥပမာ  . .စစခြင်း ဖတ်ချက် 1.5 ဒုတိယဖတ်ချက် 1.1 ဆိုရင် 1st to 2nd ဟာ 0.4 မြင့်သွားပြီ Rise (+) ပေါ့ )

ပထမဆုံး 0° Aligmment ချပါ။
Top, Mid, Bottom>  Cross Hair ၃ ချက်လုံးမှတ်ပါ။

Distance=(Top-Bott)×100

First Reading = BS
Interval Reading = IS (ကြားဖတ်ချက်အားလုံး)
Last Reading = FS

ဖတ်ချက်အားလုံး Up to Down နှုတ်သွားခြင်းပါ။
နှုတ်ရမယ့် ဂဏန်းကြီးရင် Fall(-)
နှုတ်ရမယ့် ဂဏန်းငယ်ရင် Rise(+)

Rise/Fall=BS-IS (or) IS-IS (or)IS-FS(or) BS-FS
RL=BM-Rise/Fall
Total Rise -Total Fall=First RL - Last RL (ခြားနားချက် ၂ခုညီရမည်) >>>> ပုံ(၂) ကိုကြည့်ပါ

မှားတာရှိဖြည့်ဆွက်နိုင်ပါတယ်။
Posting ကြာတဲ့အတွက်လည်းတောင်းပန်ပါတယ်။

ပုံတွေ ဝါးနေရင် mail ထားခဲ့ပါ (or) Come CB

Comments

Popular posts from this blog

Lesson(4) Coordinate System