သင်ခန်းစာ
No.10
Theodolite 👈👈👈
(Traversing & Height Calculation)

ယခင်က Theodolite ကိုသာ Angle(Az)  နဲ့ HD ကိုယူပြီး Coordinate တွက်ထုတ်ကြသော်လည်း ယနေ့အချိန်မှာတော့ အဓိကအားဖြင့် Level နဲ့ ကျင်တွယ်ဖမ်း 90° ချိုးရုံသာသုံးကြပါတော့တယ်။ Total Station တွေ RTK တွေ ပေါ်လာပြီကိုး။

Theodolite မှာ ရှိတာက Vertical Angle နဲ့ Horizontal Angle ပဲရှိပါတယ်။
Traverse တိုင်းတာသည့်အခါ မြောက်အရပ်ကို 0 Set ထားပြီး Horizontal Angle (Azimuth) ကိုမှတ်ရပါမည်။

Distance ကို Staff ဖြင့်ရနိုင်​​​သော်လည်း ပေးကြိုးဆွဲလျှင် ပိုကောင်းပါသည်။
Station ချိန်းသည့်အခါ ±180 အပေါင်းအနှုတ်လုပ်ထားသော Angle နှင်​့ Backsight ကပ်ရပါမည်။ ဥပမာ For Az 50 ဖြစ်လျှင် Back Az 230 ကို Theodolite ကိုလှည့်ပြီး Hold နှိပ်ပြီး Backsight ကိုချိန်ပြီး Hold ဖြုတ်ရပါမည်။ ပြီးမ Foresight ဆက်လက်တိုင်းတာနိုင်မည်ဖြစ်သည်။
ဤနည်းဖြင့် Traversing and Topo လုပ်ဆောင် နိုင်ပါသည်။
Coordinate ကို N=D×Cos@
E=D×Sin@ (or) Rec(D,Az)=N,E ဖြင့် Manual တွက်ပြီး
Elevation အတွက် ELE=(BS+BM)-FS ဖြင့်သာသုံးရပါမည်။

အမြင့်တိုင်းတာသည့်အခါ တိုင်းတာလိုသည့်တည်နေရာ အမှတ်သို့ ချိန်လျှင် Vertical Angle(@) ရပါမည်။
အမြင့်ရဖို့အတွက် Horizontal ground ညီလျှင် HI(Instrument height) ဖြင့် အောက်ခြေ အကွာအဝေး ရသော်လည်း Ground ညီဖို့မသေချာပေ။
မိမိတို့သည့် အောက်​ခြေ အကွာအဝေးတစ်ခုလိုပါသည်။ သူ့ရဲ့တိကျမှုပေါ်မူတည်ပြီး အမြင့်လည်း အတိအကျ ရနိုင်မည်ဖြစ်ပါသည်။

Formula အနေနဲ့ Height=HI+(D×Cot@) ဖြင့်တိုက်ရိုက်တွက်နိုင်ပါသည်။
ဤတွင် တိုင်းတာလိုသည့် အဆောက်အဦး (or) ဘုရား (or) . .အတွက် HI( Instrument height) ကိုပေါင်းပေးရပါမည်။
D သည် Instrument မှ တိုင်းတာလိုသည့် အဆောက်အဦး အကွာအဝေးဖြစ်ပြီး  @ သည် Theodolite မှ Vertical Angle ဖြစ်ပါသည်။

Theodolite တွင်ရှိသော V%(Vetical Percent)
သည် အနိမ့်အမြင့် % ကို တိုက်ရိုက်ကြည့်နိုင်ပါသည်။
V% 0 ထားလျှင် Level တိုင်းသည့်အခါ 90° ထားသကဲ့သို့ဖြစ်ပါသည်။

မည်သူမဆိုဝင်ရောက်ဖြည့်ဆွက်နိုင်ပါသည်။

Thanks Everyone 👌👌

Comments

Popular posts from this blog

Lesson(4) Coordinate System